Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့၌ လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 06,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးရှိ မြို့မဈေးနာရီစင်ရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရေးအတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 06,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ဆန်ရိက္ခာများ ထောက်ပံ့
Sep 06,2024
ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်မှုအားနည်းသည့်အတွက် တည်ငြိမ်အေးချမ်းရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့်ဘာသာရေး အဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အဆိုပါယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား Asean Plus Three Emergency Rice Reserve(APTERR) အစီအစဉ်ဖြင့်လှူဒါန်းသော ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတ…
Sep 06,2024
မကွေးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Sep 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဇောတိစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ ရောင်းချပေးနေမှုအခြေအနေများနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 06,2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေးအတွက်လည်းကောင်း၊ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက် စျေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ သိရှိနိုင်ရေးအတွက်လည်းကောင်း ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆေးနှင့် ဆေးပစ္စည်းဆိုင်များ၊ ဆန်၊ ဆီရောင်းချပေးနေမှုအခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
Sep 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်ကာ ကျေးရွာအုပ်စု (၅)အုပ်စုတို့မှ တောင်သူ (၄၈)ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ ဘဝပန်းတိုင် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ဘဝပန်းတိုင်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6965
Page
6966
Page
6967
Page
6968
Current page
6969
Page
6970
Page
6971
Page
6972
Page
6973
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department