အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် လူငယ်များ အချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်-(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 06,2024
ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပသည်။
Sep 06,2024
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ဗဟိုစာရင်းအင်းဦးစီးဌာနရုံး၌ ကျင်းပသည်။
Sep 06,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော ဝါသီးနှံ ရွေးချယ်စိုက်ပျိုးနိုင်ရန် တောင်သူများပါဝင်သော ဝါသီးနှံမျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေးဆိုင်ရာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ပြသရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက သဲပုတ်ကုန်းကျေးရွာ တောင်သူဦးဝင်းဌေး၏ မကျီးကန် ကွင်းအမှတ်(၁၈၀၀)ဦးပိုင်အမှတ် ၈၃ ရှိ စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့က မှော်ဘီမြို့နယ်၊‌ သ‌န္ဓေပင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Sep 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က(ကညင်ဆိပ်)နှင့် မူလွန်(ဘီးလင်းတန်း) ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။