ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ

ရွှေဘို စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဆင်းပွဲကို ယ​နေ့နံနက်ပိုင်းက အမှတ် (၈) စစ်အ​ခြေခံ ​လေ့ကျင့်​ရေးတပ်တွင်ကျင်းပရာ အမှတ် (၅) စစ်အုပ်ချုပ်​ရေးနယ်​မြေစစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်း​ဟောင်းအဖွဲ့ဝင်များ တက်​ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ​ကျောင်းဆင်းတပ်ခွဲများသည် တပ်ခွဲစစ်​ရေးပြကွင်းမှ တပ်ရင်းစစ်​ရေးပြကွင်းသို့ချီတက်ခဲ့ပြီး နိုင်ငံ​တော်အလံနှင့် တပ်မှူးအားအ​လေးပြုခဲ့ပြီး​နောက် ကျမ်းသစ္စာ၊ ကတိသစ္စာပြုခဲ့ကြပြီး၊သင်တန်းတွင် စံပြဆု၊ ထူးချွန်ဆုရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်​ပေးခဲ့သည်။

ထို့​နောက် တပ်မှူးမှသင်တန်းဆင်းမိန့်ခွန်း​ပြောကြားခဲ့ပြီး တပ်မှူးအား​ကျောင်းဆင်းတပ်ခွဲမှ တန်းစိတ်ပုံ၊ စစ်​ကြောင်းပုံဖြင့်ချီတက်အ​လေးပြုပြီးထွက်ခွာခဲ့​ကြောင်းသိရသည်။ ဆက်လက်၍ တာဝန်ရှိသူများသည် စားရိပ်သာဆောင်တွင် သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြပြီးသင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)