မိတ္ထီလာမြို့နယ် ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

မိတ္ထီလာ စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၅.၇၀ သန်း တို့ဖြင့် အရှည်ပေ ၆၆၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကန်တောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ် ပြီး ကျေးရွာသူကျေးရွာသားများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၇၀၊ လူဦးရေ ၃၉၆ ဦးတို့မှ ရာသီးမရွေးသွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား  နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၂၅၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် သန်း ၉၁.၃၀  စုစုပေါင်း (၃၄၆.၃၀)သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)