အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေးဒရဲကျေးရွာအုပ်စု၊ သစ်ပုတီးကုန်းကျေးရွာ၌ နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
Sep 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့နံနက်ပိုင်းက အ.လ.က(၄)ကျောင်း၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် ကွယ်လွယ် ကျေးရွာများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Sep 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 05,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်/မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/ စာရင်းကောက်များတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
Sep 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က တိုက်ကြီးမြို့နယ်၊‌ ဥတိုကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 05,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြိုင်ပွဲနှင့်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကကွမ်တာ(ရွာဟောင်း)စာသင်ကျောင်း၌ ပြုလုပ်သည်။
Sep 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီမှ (၉) နာရီထိ မှော်ဘီမြို့နယ် သန္ဓေပင်တိုးဂိတ်အနီး ယာဉ်ထိန်းတပ်ဖွဲ့စု (၆၄) မှော်ဘီမှ ရဲအုပ်မီမီထွန်းဦးစီး၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၃) ဦးတို့မှ ဆိုင်ကယ်စီးနင်းသူ (၃၀) ဦးတို့အား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့​သည်။