အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်ပြပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက  အ.မ.က မြို့မ-၂ ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Nov 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်မွန်းလွဲ (၃) နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ နမ့်ဟူးအွမ်ကျေးရွာရှိ စာသင်ကျောင်းတွင် ကျင်းပခဲ့​ပါသည်။
Nov 08,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်‌နေ့ အခမ်းအနားကို ယနေ့နံနက်က ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် ရုတ်တရက်မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက တားဆီးကာကွယ်ရမည့်အချက်များအား သိရှိနိုင်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းဝန်းနှင့်ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။