သဲကုန်း နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၇ နာရီအချိန်တွင် ဆရာတော်သံဃာတော်ငါးပါးတို့အား အရုဏ်ဆွမ်းနှင့် နဝကမ္မအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အငြိမ်းစားဝန်ထမ်း (၁၇)ဦးအား ဂါရဝပြုကန်တော့ခဲ့ကြ၍၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းကော်မတီဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် ကန်သာယာရေလည်ကျွန်းစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ကန်တော်မင်္ဂလာရေကန်အတွင်းငါးစာကျွေးခြင်း၊ ဇီဝတဒါန ငါးလွှတ်ခြင်း ကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းအမှာစကားပြောကြားပြီး ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများလဲလှယ်ခြင်း၊ ကံစမ်းမဲဆုလက်ဆောင်များ ဖွင့်ဖောက်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)