အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၇ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်‌မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်ဝန်ထမ်းများက ချောင်းငယ်ရပ်ကွက်-မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် အားအမှူးထား၍ သာသနာ့ဟိတဓမ္မာရုံအတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အရုဏ်ဆွမ်း၊ ဆွမ်းဆန်နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Nov 08,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပသည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၁၀)ခရိုင်၌ ယခုနှစ်မိုးသီးနှံ နှမ်း ၄၃၃၈၅၆ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့အချိန်ထိ ၃၉၉၂၈၇ ဧက ရိတ်သိမ်းပြီးစီးကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် (ကလေး၊ ကလေးဝ၊ မင်းကင်း) တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြေပဲလျာထားချက် ရာနှုနန်းပြည့် စိုက်ပျိုးအောင်မြင်လျက်ရှိသောကြောင့် ဒေသတွင်း စားသုံးဆီပိုလျံသည်သာကမ အခြားသော မြို့နယ်များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်လင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဖျာအင်္ဂပူမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း" ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။