ပေါက်ခေါင်း နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်က ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က ဌာနနှစ်ပတ်လည်နေ့ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းများအား ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖွင့်လှစ်ပေးကြပြီး တေးဂီတဖျော်ဖြေပွဲများဖြင့် ဝန်ထမ်းများက တပျော်တပါးသီဆိုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)