ခိုလမ် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ နမ့်ဟူးအွမ်ကျေးရွာရှိ စာသင်ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခိုလမ်မြို့သစ်တောဦးစီးဌာန၊ တောအုပ် ဦးငြိမ််းချမ်းမှ မီးခိုးမြူငွေ့အကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ တရားမဝင် သစ်ထုတ်ယူမှုမဖြစ်ပေါ်စေရေး အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူ(၇၀)ဦးခန့်တို့မှ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)