ကြံခင်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် ရုတ်တရက်မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက တားဆီးကာကွယ်ရမည့်အချက်များအား သိရှိနိုင်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းဝန်းနှင့်ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ(အ.ထ.က-၁) ကျောင်းမှ အထက်တန်းပြဆရာမဒေါ်စန္ဒာဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ (DCP) မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်ပုံနည်းစနစ်များအား အသိပညာ ပေးရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား ဖြန့်ဝေပေးကြောင်း သိရသည်။
ထို့နောက် မီးဘေးလုံခြုံရေးဇာတ်တိုက်သရုပ်ပြကြရာ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက(အ.ထ.က-၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆီမီးကြောင့်မီးလောင်မှုဖြစ်ပွားပါက (DCP)မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့်အရေးပေါ်မီးငြှိမ်းသတ်ပုံများကို သရုပ်ပြသကာ လက်တွေလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)