ရေနံချောင်း ဇွန် ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စိန်ပန်းပင်ကျေးရွာအုပ်စုမှ တောင်သူ ၉၁ ဦး၏ သီးနှံစုံဧက ၆၀၈ ဧကအတွက် ငွေကျပ် ၁၅၂၀ သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၂ ရက်နေ့က စတင်ထုတ်ချေးပေး လျက်ရှိရာ မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ယခင်နှစ်ကထက် ချေးငွေတိုးမြှင့် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ယနေ့အထိ ကျေးရွာအုပ်စု (၅)အုပ်စုမှ ယခင်နှစ်ချေးငွေ ပြေကျေစွာပြန်လည်ပေးဆပ်ပြီးသည့် တောင်သူ ၄၉၇ ဦး၏ သီးနှံစုံဧက ၂၉၄၆ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းငွေကျပ် ၇၃၆၅ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာအုပ်စု များကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)