ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တြိရတနာဓမ္မာရုံ၌ဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုး၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကန့်ဘလူမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသက် ၁၀ နှစ်နှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ရာတွင် အသက် ၁၀ နှစ်ပြည့် ၁၂၆၉ ဦး၊ အသက် ၁၈ နှစ်ပြည့် ၁၈၄ ဦးတို့ကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)