လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ   

လဲချား   ဇွန်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် စတုတ္ထထအကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က သီရိမင်္ဂလာအုဋ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဖြိုးမြင့်ဝေက အဖွင့်အမှာစကား ပြောကြားပြီးနောက် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသယဉ်ကျေးလိမ္မာသင်တန်းသား/သူများက ဓမ္မစကူးလ်အဓိဌာန်(၃)ချက် ရွတ်ဆိုကာ ဓမ္မစကူးလ်ကော်မတီအဖွဲ့ဝင် အတွင်းရေးမှူး ဉီးဝင်းရွှေက ကျေးဇူးတင်စကား ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မသင်တန်းသို့ သင်တန်းသူ/သား (၄၀၀)ကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)