မင်းဘူးခရိုင်အတွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်မည့်သူ ၁၁၀ ဦးရှိ

မင်းဘူး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်မည့်သူ ၁၁၀ ဦးရှိပြီး စုရပ်အသီးသီးမှ ရောက်ရှိလာသော သင်တန်းသားများကို ယမန်နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်း၌ ဂုဏ်ပြုဧည့်ခံကြိုဆိုခဲ့ကြောင်း မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။

မင်းဘူးခရိုင်အတွင်းက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်ရန် မင်းဘူး(စကု)မြို့နယ်မှ ၄၈ ဦး၊ ပွင့်ဖြူမြို့နယ်မှ ၃၀ ဦး၊ စလင်းမြို့နယ်မှ ၂၅ ဦးနှင့် ငဖဲမြို့နယ်မှ ၇ ဦး စုစုပေါင်းသင်တန်းသား ၁၁၀ ဦးရှိကြောင်း မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

မင်းဘူးခရိုင်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်မည့်သူများကို မင်းဘူးခရိုင်နှင့်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက လိုအပ်သည်များ မှာကြားကာ အစားအစာ၊ ရေသန့်၊ ဝတ်စုံနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်းထောက်ပံ့ပေးအပ်ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတက်ရောက်မည့်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်းသူ ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တပ်မတော်ထောက်ပို့မော်တော်ယာဉ် ၆ စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ဗထူးတပ်မြို့သို့ စနစ်တကျ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)