တပ်ကုန်း ဇွန် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းရေးရာဌာနမှ သင်တန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာမြင့်နှင့်သင်တန်းသား၊ သင်တန်းသူများ ယမန်နေ့က လာရောက်လေ့လာခဲ့သည်။
အဆိုပါလေ့လာရေးအဖွဲ့ကို ကျေးရွာဖွံ့ဖြိုးရေးစင်တာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမော်စိုးနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများက ကြိုဆိုခဲ့ကြပြီး၊ စီမံကိန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းထွန်းက ရှင်းလင်းပြောကြားပြီးနောက် လေ့လာရေးအဖွဲ့က သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ကျေးရွာရေပေးဝေရေးလုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်း၊ ဝက်မွေးမြူရေးလုပ်ငန်း၊ ဆည်ရေတင်သည့်အခြေအနေများအား လေ့လာခဲ့ကြောင်း သိရသည်။
တင်စိုးလွင်