ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် ကောက်စိုက်စက်များနှင့် မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်

မြောင်းမြ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၃၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက ကြာဖူးငုံလက်ပံကျေးရွာ တောင်သူ ဦးမြင့်သန်း၏ ဧက (၂၃) စံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအားဖြင့် ပျိုးထောင်မှုလွယ်ကူခြင်း၊ ပျိုးထောင်မှုကုန်ကျစရိတ်လျှော့ချခြင်း၊ ပျိုးသက်နုနုချက်ချင်းနုတ်ချက်ခြင်းစိုက်ဖြစ်သဖြင့် ကောက်ပင်သန်စွမ်းမှုအားကောင်းခြင်း၊လက်ဆလိုသလိုချိန်ညှိနိုင်ခြင်း၊ကောက်ကွက်ဝင်ဆံမှုကိုချိန်ဆနိုင်ခြင်း၊ အချိန်လုပ်သားသွင်းအားစုကို စိုက်ခင်းစနစ်များထက် လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှသိရသည်။

အဆိုပါကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဌေး၊ စက်မှုလယ်ယာဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်/ဆက်