ကျိုင်းတောင်းမြို့ အ.လ.က (ဝိန်းကောင်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောက်ရွက်

ကျိုင်းတောင်း ဇူလိုင် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် အ.လ.က (ဝိန်းကောင်) ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားလူငယ်များကို ကျောင်းစာများအပြင် အကြားအမြင် ဗဟုသုတများတိုးပွာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ ကျိုင်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပေါ့ပေါ့ပါးပါး အပြန်အလှန် မိတ်ဆက်စကားပြောခဲ့ပြီး ဟောပြောပွဲကို စတင်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာအကြားအမြင်များ တိုးပွာစေရန် ယခုမျက်မှောက်ခေတ်တိုးတက်မှုများ၊ ခေတ်အဆက်ဆက် ဆင့်ကဲပြောင်းလဲလာသော ကွန်ပျူတာများ၊ လက်နှိပ်ဖုန်းများ၊ Mobile phone ၊ Touch screen ပါသောဖုန်းများ စသည်တို့ကို အကျယ်တဝန်းရှင်းပြခဲ့ပြီး ကျောင်းသားလူငယ်များနှင့် အပြန်အလှန် ဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။

နောက်ဆုံးတွင် ယခုလက်ရှိ မျက်မှောက်ခေတ်၌ အသုံးတွင်ကျယ်လာသော (AI) ခေါ် ဉာဏ်ရည်တု နည်းပညာအကြောင်းကိုလည်း ကျောင်းသားလူငယ်များနှင့်အတူ ဆွေးနွေးပေးခဲ့ပြီး ကျောင်းသားလူငယ်များအား တိုးတက်မှုများ၏ နောက်ကွယ်တွင် စူးစမ်းလိုစိတ် ရှိကြောင်းကိုလည်း ထက်တိုးရှင်းလင်းပေးခဲ့ဟောပြောပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကိုလဲ ပြသပေးခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)