သဲကုန်း​မြို့နယ်၌ GENDER, CEDAW, NSPAW, အသိပညာပေးသင်တန်း ဖွင့်လှစ်

သဲကုန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိို့နယ်တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး “GENDER, CEDAW, NSPAW, UNSCR အသိပညာပေးသင်တန်း”ကို ယနေ့နေ့လယ် (၁) နာရီ က သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်ဖွင့်လှစ်ခဲ့သည်။

​​ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်လူမှု၀န်ထမ်းဦးစီးဌာနရုံးမှ လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်က အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ရခြင်းအပေါ်အခြေခံ၍ ဖြစ်ပေါ်လာသည့်​ အကြောင်းအရင်းနှင့် အပြုအမူများ၊ အနေအထိုင်၊ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖြစ်တတ်သည့်အလေ့အထများကိုသိရှိစေပြီး ကျား/မ အခြေပြုအကြမ်းဖက်မှုမှကင်းဝေး​စေရန်၊ အမျိုးသားနှင့်အမျိုးသမီးများ သာတူညီမျှဖြစ်မှုများ၊ အမျိုးသမီးအခွင့်အရေးများအားအသိပညာပေးဟောပြောခဲ့​ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထုတ်ဝေသော အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့သည်။

အဆိုပါသင်တန်းကို အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိပြီး နားလည်စေရန်၊ ကျား/မ တန်းတူညီမျှမှုရရှိစေရေး အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများအရာထမ်း၊​ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)