ဂန့်ဂေါ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာမြစ်ကမ်းဘေးရှိနေအိမ်များသို့သွားရောက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဂန့်ဂေါမြို့ပေါ်ရှိ ရပ်ကွက်များသို့လှည့်လည်ကာ အသံချဲ့စက်ဖြင့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဖြစ်နေစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရွက်ရန်/ ရှောင်ရန်အချက်များကို အသိပေးနှိုးဆော်ဆောင်ရွက်ပြီး မြစ်ကမ်းဘေးရှိ ရေဝင်ရောက်နိုင်သည့် နေအိမ်များနှင့် မြို့ဝင်/မြို့ထွက်ရှိ လူစည်ကားရာနေရာများတွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)