သင်္ဃန်းကျွန်း ဇူလိုင် ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ စာပေမှ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ရေးသူ၊ ဖတ်သူစာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးယုလှိုင်မှ ကမ္ဘာရွာကိုခံစားကြည့်ခြင်း ဘာသာပြန်၀တ္တုတိုများစုစည်းမှု စာအုပ်ပါအကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ မောင်ယဉ်ဝေ(ဥက္ကလာ)နှင့် တက်ရောက်လာသော စာဖတ်ပရိတ်များက စာအုပ်ပါဆွေးနွေးချက်များအား ဝေဖန်အကြံပြုဆွေးနွေးခဲ့ပြီး၊ စာရေးဆရာမ အိမ်ချစ်မေက ဆွေးနွေးချက်များအား သုံးသပ်ရှင်းလင်းခဲ့သည်။
ထို့နောက် ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စာပေချစ်သူများက မိမိတို့သိလိုသည်များကို အပြန်အလှန် မေးမြန်းခဲ့ကြကြောင်း သိရသည်။
သိန်းအောင်