​ ဖြူးမြို့နယ်၊ ကျားသောင်ကျေးရွာ၌ ဒဿမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ချေး

ဖြူး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးနေသည့် ကျေးရွာပေါင်း(၅၆)ရွာရှိရာ ကျားသောင်ကျေးရွာအုပ်စု၊ ကျားသောင်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း အသင်းသား(၈၈)ဦးအတွက် ဒဿမအကြိမ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာအ.လ.က(ခွဲ)ကျောင်းတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးကဏ္ဍတွင် အသင်းသား(၅၅)ဦးအတွက် ငွေကျပ်(၂၈၇၅၀၀၀၀)ကျပ်၊ မွေးမြူရေးကဏ္ဍတွင် အသင်းသား(၃၃)ဦးအတွက် ချေးငွေကျပ် (၁၁၅၅၀၀၀၀)ကျပ်၊ စုစုပေါင်း (၄၀၃၀၀၀၀၀)ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)