အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းတို့က မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယမန်နေ့က တိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jul 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်းသို့ စာသင်ခုံများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုကျောင်းတွင် ကျင်းပခဲ့ပါသည်။
Jul 06,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ကန်တော်ကြီးရေလှောင်ကန်တွင် ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ကြသည်။
Jul 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း မီးဘေး၊ ရေဘေး၊ လေဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေး၊ သစ်ပင်ပြိုလဲ စသည့် ထူးခြားဖြစ်စဉ် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အမျိုးအစားအလိုက် အကြိမ်ရေပေါင်း ၃၅၀ ကျော်အထိဖြစ်ပွားမှုရှိခဲ့ကြောင်း မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
Jul 06,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြည်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကျိုးပြုသည့် ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၇)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ပူတာအိုလေဆိပ်သွား လမ်းဘေး မြေကွက်လပ်၌ကျင်းပသည်။
Jul 06,2024
ကချင်ပြည်နယ် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့၌ ဇွန်လ ၃၀ ရက်နေ့ကစတင်၍ စံချိန်တင်မြစ်ရေကြီးမြှင့်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် အားပေးထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အမျိုးသမီးစွမ်းဆောင်ရှင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။