ညောင်လေးပင်မြို့နယ်တွင်(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်

ညောင်လေးပင် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့ပူးပေါင်း၍ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ပါဠိသိပ္ပံဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဒက္ခိဏာရာမအသောကာရုံတောင်ကျောင်းတို့မှ သံဃာတော်(၁၉)ပါးတို့အား ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် စာပေပညာများ ပို့ချပေးလျက်ရှိသည့် ဆရာ၊ ဆရာမ(၁၁)ဦးနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၉၀)ဦးအား စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးခဲ့ပြီး အာဟာရများတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အသင်းစု၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)