ခိုလမ် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်းသို့ စာသင်ခုံများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုကျောင်းတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အ.မ.က (မူလွန်) ဝမ်ဖွီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေစွာ ပညာသင်ကြားနိုင်ရန်အတွက် စာသင်ခုံများထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးနောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန်းထွန်းအောင်တို့မှ စာသင်ခုံများထောက်ပံ့ပေးအပ်ပြီး အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်နေကြသော နယ်မြေခံတပ်ရင်းများမှ အရာရှိ/စစ်သည်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)