သာကေတမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်

သာကေတ ဇူလိုင် ၂၈

သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး သာကေတမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A ဘဒ္ဒန္တသောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ကြသည်။

ထို့နောက် သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အဖွဲဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူးဦးကျော်မင်းဦး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းနှင့်ဌာနဆိုင်ရာများ၊​ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္က သီလဓမ္မာစရိယ ဘဒ္ဒန္တသောဘန(အောင်မော်စံစာသင်တိုက်) အမှူးပြုသော သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသင်္ကန်းများနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)