ကံမ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျောင်းကုန်းရပ် ဆုတောင်းပြည့် ရတနာမာန်အောင်ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး (ပဥ္စမအကြိမ်)အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်းအလှူငွေပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်းပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)