အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး ၂၅၄၈၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jul 30,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရေဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁၆)ရပ်ကွက်ရှိ အမှတ်(၃၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 30,2024
ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် အရာရှိစစ်သည်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၊ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ သင်တန်း၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၁၁၃) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းတွင် စေတုတ္တရာမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းမင်းဇင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Jul 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျွဲ၊ နွားများအတွက် အစာအဖြစ် ကျွေးမွေးရာတွင် ကျွဲနွားများ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်စေခြင်း၊ နို့စားနွားများ နို့ထွက်နှုန်းမြင့်မားစေခြင်းနှင့် အသားတိုးနွားများ အသားထွက်နှုန်းမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသောကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၌ ကွင်းဆင်းလက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
Jul 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး ရာသီအလိုက် သီးနှံမျိုးစုံထုတ်လုပ်လျက်ရှိရာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်စေရန်အတွက် ယမန်နေ့က နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။