ရပ်စောက် ဇူလိုင် ၃၀
ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် အရာရှိစစ်သည်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၊ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ သင်တန်း၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၁၁၃) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီး အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကဿ-၁)ရှိ ကြံ့ခိုင်ရေးအားကစားခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဆင်းပွဲပြုလုပ်ခဲ့ရာ တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ ရကဿ-၁ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ စုစုပေါင်း (၃၀၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးကြီး ကျော်သူလှိုင်မှ သင်တန်း၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၂၃၈) ဦးအား သင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)