အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီများအား ယမန့်နေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့သည်။
Aug 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ အေးကျန့်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2024
ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာပါရဂူရေးသားသည့် “သမိုင်းသင်ခန်းစာ” စာအုပ်ဖြင့်  ယနေ့နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများအား အစာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် အာဟာရကျန်းမာရေးဆိုင်ရာ မေးခွန်း(၁၀၀)ဖြေဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများအား အခြေခံသမဝါယမအသင်း (၈)သင်း၊ အသင်းသား (၃၃၄)ဦး၏ ဝါစိုက်ဧက (၁၀၀၀)အတွက် ကျပ်သိန်း (၂၀၀၀)အား ပံ့ပိုးပေးခဲ့ပြီး ငါးခူအိုင်ကျေးရွာအုပ်စု ငွေလမင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအောင်မြင့်သိန်း၏ ဝါစိုက်ခင်းမှ RAKA-666 မျိုးစိုက်ပျိုးထားရှိမှုအား ဩဂုတ်လ ၁၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 13,2024
(၂၀၂၄-၂၀၂၅) စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော သီးနှံများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက (Video conferencing) စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။