Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Aug 12,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ဩဂုတ်လ ၁ဝ ရက်နေ့က ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော…
Aug 12,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်
Aug 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ မိုးစပါးများကို ၄၈၄၇၂ ဧက လျာထားစိုက်ပျိုး
Aug 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မိုးကောင်းသောက်စနစ်များဖြင့် ၄၈၄၇၂ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ သာသနာနှစ် ၂၅၆၈၊ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်
Aug 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို သာသနာနှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း(၇)ရက်နေ့၊ ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က စတင်၍ ညသာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်နှင့်ဝန်ထမ်းမိသားစုများမှ အာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် မြေပြိုဘေးသင့် နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တတိယအကြိမ် ထောက်ပံ့ပေးအပ်
Aug 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် မြေပြိုဘေးသင့် နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စစ်ဆေးခြင်းဆောင်ရွက်
Aug 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျမောင်းနှင် နိုင်စေရေး အသိပညာပေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရွေ့လျားစနစ်ဖြင့် အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4371
Page
4372
Page
4373
Page
4374
Current page
4375
Page
4376
Page
4377
Page
4378
Page
4379
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department