သရက်ချောင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ခြင်ထောင်၊ ကလေးအသုံးအဆောင်ပစ္စည်းများပေးအပ်

သရက်ချောင်း ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ခြင်ထောင်၊ ကလေးအသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်၍ ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ ကိုယ်ဝန်‌ဆောင်မိခင်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ် ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သံဓာတ်အားဆေး၊ B1၊ အိုင်အိုဒင်းဆား၊ ခြင်ထောင်နှင့် ကလေးအသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)