မက်မန်းမြို့ အေးကျန့်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

မက်မန်း ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ အေးကျန့်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြသရာတွင် ကလေးအလုပ်သမားဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ ကလေးအလုပ်သမားများပြားသည့် နိုင်ငံများအကြောင်း၊ ကလေးငယ်များ၏ ပညာရေးအခွင့်အလမ်းများ၊ ILO အဖွဲ့၏ ထုတ်ပြန်ချက်များ၊ ကလေးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်းပါးများ၊ ကာတွန်းများ၊ ဓာတ်ပုံများဖြင့် ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)