အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2024
ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။
Aug 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Aug 12,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊   မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က သုနန္ဒာလမ်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 12,2024
၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် “စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Aug 12,2024
မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ် သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 12,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။