ရွှေတောင် သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီများအား ယမန့်နေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်မြို့မစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်စားသုံးဆီများအား စစ်ဆေးရာတွင် ရောင်းချသော စားသုံးဆီဘူးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်ရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြာင်း သိရသည်။
ကိုကိုမင်း(ပြန် / ဆက်)