အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်းတို့ပူးပေါင်းပြီး မူလတန်းကြိုကျောင်းတွင် ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မူလတန်းကြိုကျောင်း၌‌ ဆောင်ရွက်ခဲ့သည်။
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အစားထိုးသီးနှံဖွံ့ဖြိုးရေးအတွက် ကော်ဖီ၊ သရက်၊ ပိန္နဲပင် ပျိုးပင်များနှင့် သွင်းအားစုဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင်ကျင်းပရာ ဌာနဆိုင်ရာများနှင့် အစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Aug 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း မြခရေခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က  ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ ဆောင်ရွက်ခဲ့သည်။
Aug 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မျိုးစပါး မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့် မျိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများ မျိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဧရာမင်းစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကွင်းအမှတ် ဆင်သေကွင်း၊  ဦးပိုင်အမှတ်(၄) တောင်သူဦးမျိုးနိုင်၏ ၂ ဧကစိုက်ကွင်း၌ ကျင်းပသည်။
Aug 13,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူကုန်ကူးမှု တားဆီကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ငွေကျပ်သိန်းပေါင်း (၂၇၀၀၀)ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၃၃)အုပ်စုမှ တောင်သူ(၃၆၂၅)ဦး၏ မိုးစပါး စိုက်ဧက(၉၈၀၂)ဧက၊ နှမ်း စိုက်ဧက(၁၁၁၇)ဧကနှင့် ပဲတီစိမ်း စိုက်ဧက(၃၈၀)ဧကတို့အတွက် စုစုပေါင်း ငွေကျပ်(၁၆၂၀၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။