အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2024
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ တရုတ်ဘုံကျောင်းတွင် ကျင်းပသည်။
Dec 30,2024
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေး ကုသဆောင်၌ ဒီဇင်ဘာလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ(၁)ရက်နေ့အထိ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
Dec 30,2024
အ.ထ.က(၁၀) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၂ လမ်းထောင့်ရှိ အဆိုပါကျောင်း မြနန္ဒာခန်းမတွင်ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၆၀)ဦး၊ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ နာယကများ၊ ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် ကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။
Dec 30,2024
နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာရှိ ALLOY ကုမ္ပဏီမှ တာဝန်ယူစိုက်ပျိုးထားသော ဧက(၁၈၀)ရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံသို့ရောက်ကာ စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဂရံစံပြကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။
Dec 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်ငွေများဖြင့် ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်ပေါင်း ၆ တိုက်ကို အသစ်တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ပြီး စာကြည့်တိုက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
Dec 30,2024
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား မိသားစုဝင်များအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။