Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖျာပုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပ
Dec 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ BBM ဝန်းအတွင်း ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်(၅)နာရီအချိန်က အဆိုပါ BBM ဝန်းအတွင်းရှိ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 30,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့ဝင်များသည် ယမန့်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာရှိ တေဇဝန္တာရာမ ပတ္တမြားကျောင်းတိုက်သို့ရောက်ရှိကာ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတအားဖူးမြှော်၍ သင်္ကန်းခြင်း၊ ဆန်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းရာ ပတ္တမြားကျောင်းဆရာတော်ဘဒ္ဒန္တပဏ္ဍိတမှ ဘုရားဆင်းတုတော်အား ပူဇော်ရန် ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ
Dec 30,2024
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့ နံနက်က မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Dec 30,2024
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊ မိဘဘိုးဘွားများ အောက်မေ့ဖွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး စောလင်းအောင်နှင့်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure တစ်ထပ် စာသင်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး
Dec 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေး (၅၆x၃၂x၁၂)ပေ အန္တရာယ်ရှိ စာသင်ကျောင်းဆောင်တစ်ဆောင်အား ဖျက်သိမ်းပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် Steel Structure စာသင်ကျောင်းဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 30,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အားကစား ပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 30,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့်အနက် ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက နှီးမုတ်ကျေးရွာတွင် ကရင်အမျိုးသားအလံကို လွှင့်ထူခြင်းနှင့် (၈၇) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားများ စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ
Dec 30,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4074
Page
4075
Page
4076
Page
4077
Current page
4078
Page
4079
Page
4080
Page
4081
Page
4082
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department