အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၂၁၇၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
Dec 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆောင်းသီးနှံ(ဂျုံ)စိုက် တောင်သူများအား ဖိတ်ကြားပြီး နေကြာသီးနှံ သီးထပ် သီးညှပ်စိုက်ပျိုးရေး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ပြုလုပ်၍ တိုင်းဒေသကြီးအစိုးရ အစီအစဥ်ဖြင့် ရရှိလာသော ယူရီးယားမြေသြဇာအိတ်များကို သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
Dec 30,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များကိုယ်တိုင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကိုအခြေခံသောခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော Kawt Ma Yan Resort Co.Ltd ၏ Kawt Ma Yan Resort ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ ကော့မရမ်းကျေးရွာ ကော့ကျိုက်-တော်ပုံကားလမ်းမကြီးဘေး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
Dec 30,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 
Dec 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲက ကြီးမှူး၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဥ်(၁)၊ (၂)၊(၃)/၂၀၂၄ ၏ သင်တန်းဆင်းပွဲ အား ၇/အနောက်ရပ်ကွက်ရှိ ဇိနမာရ်အောင်စေတီတော်ဘုရားဝင်း၌ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ ဝင်(၂)ဦးညွှန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးဇော်ဌေး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးထိန်လင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 30,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။