နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့အဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်းရှိ အုန်းချိုမွှေးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဓနုဖြူ ဒီဇင်ဘာ ၃၀

နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာရှိ ALLOY ကုမ္ပဏီမှ တာဝန်ယူစိုက်ပျိုးထားသော ဧက(၁၈၀)ရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံသို့ရောက်ကာ စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ မန်နေဂျာ ဦးဇော်မင်းနှင့် တာဝန်ရှိသူများမှ ကြိုဆိုတွေ့ဆုံပြီး နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က အုန်းချိုမွှေးစိုက်ပျိုးရေးခြံအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုန်းချိုမွှေးစိုက်ပျိုးရေးခြံ မန်နေဂျာ ဦးဇော်မင်းက စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)