Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကွင်းဆင်းကောက်ယူ
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆက်လက်၍ ကွင်းဆင်းကောက်ယူမှုများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 03,2024
ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည် ဥာဏ်သွေးမြင့်မားတိုးတက်စေရန်၊ မှတ်သားလေ့လာမှုများအားကောင်းလာစေရန်၊ အများနှင့်ဝိုင်းဖွဲ့ဆွေးနွေးပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်၌ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ပြည်မြို့ ရွာဘဲရပ်ကွက်၊ ပြည်သာယာရပ်ကွက်နှင့် နဝဒေးရပ်ကွက်တို့၌ စာရင်းစစ်/စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ဖွင့်လှစ်
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၊အသင်းမှကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ကို ယမန်နေ့နံနက်ပိုင်းကရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံတွင်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမူကရုဏာအကူအညီများတွင်အသုံးပြုရန် အနယ်နယ်အရပ်ရပ်မှစေတနာအလှူရှင်များက ငွေသားနှင့် အရေးပေါ်သုံး…
Oct 03,2024
ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသည့် လူမူကရုဏာအကူအညီများအတွက် အနယ်နယ်အရပ်ရပ်မှစေတနာအလှူရှင်များက ငွေသားနှင့် အရေးပေါ်သုံးပစ္စည်းများပံ့ပိုးကူညီလှူဒါန်းမှုကို ယမန်နေ့နံနက်ပိုင်းတွင် အသင်းရန်ကုန် ရုံးခွဲ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် စိုက်ပျိုးထားသောရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ
Oct 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် သဘာ၀ဘေးကြိုတင်သတိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးကြိုတင်ဆောင်ရွက်
Oct 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ လဟယ်မြို့နယ်အတွင်း ထူးခြားမိုးလေဝသအခြေအနေကြောင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ ယနေ့ ညနေ ၃ နာရီအတွင်း မိုးသည်ထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတွက် (၂-၁၀- ၂၀၂၄)ရက်နေ့ ၉ အချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အရေးပေါ်အစည်းအဝေးအား လဟယ်မြို့နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ဝင်း ဦးဆောင်ကျင်းပ၍ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများစုဖွဲ့ခြင်း၊ ကြိုတင်အသိပေး လှည့်လည်ကြေညာခြင်း၊ ကျေးရွာများအားလုံးသို့ ဆက်သွယ်ရေးစက်များဖြင့် ထပ်ခါထပ်ခါ အသိပေးဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ တောင်စောင်းများအနီးရှိ နေအိမ်များ ကြိုတင်ရွှေ့ပြောင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3942
Page
3943
Page
3944
Page
3945
Current page
3946
Page
3947
Page
3948
Page
3949
Page
3950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department