ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမူကရုဏာအကူအညီများတွင်အသုံးပြုရန် အနယ်နယ်အရပ်ရပ်မှစေတနာအလှူရှင်များက ငွေသားနှင့် အရေးပေါ်သုံးပစ္စည်းများလှူဒါန်း

ရန်ကုန် အောက်တိုဘာ ၃

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသည့် လူမူကရုဏာအကူအညီများအတွက် အနယ်နယ်အရပ်ရပ်မှစေတနာအလှူရှင်များက ငွေသားနှင့် အရေးပေါ်သုံးပစ္စည်းများပံ့ပိုးကူညီလှူဒါန်းမှုကို ယမန်နေ့နံနက်ပိုင်းတွင် အသင်းရန်ကုန် ရုံးခွဲ၌ကျင်းပသည်။

ဦးစွာ EMBASSY OF THE REPUBLIC OF INDONESIA, INDONESIA INTERNATIONAL SCHOOL YANGON JAPFA COMFEED MYANMAR KALBE MYANMAR တို့ကိုယ်စား Mr.Muhammad Arif Hidayatullah (Charge de’ Affaires of the Embassy of the Republic of Indonesia), Mr.Harlianto Tarmiz(Minister Counsellor of the Embassy of the Republic of Indonesia Representatives from JAPFA and KALBE companies) နှင့် တာဝန်ရှိသူများက ငွေကျပ် ၁၅,၀၀၀,၀၀၀/-ကျပ်နှင့် NEO MIXAGRIP ၂၃,၀၄၀ ကတ် တို့ကိုလှူဒါန်းခဲ့ရာအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်နှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများအတွက် ယခုကဲ့သို့ ပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)