ဓနုဖြူ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တက်ရောက်လာကြသော ဆရာ၊ ဆရာမများက ဆုများအသီးသီးချီးမြင့်ခဲ့သည်။
ဆက်လက်၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီးဒေါ်အေးမြစိမ်းက ဆုံးမသြဝါဒစကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တပည့်ဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)