ထန်းတပင်မြို့နယ်၌ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာလ ၃

ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်  ဥာဏ်သွေးမြင့်မားတိုးတက်စေရန်၊ မှတ်သားလေ့လာမှုများအားကောင်းလာစေရန်၊ အများနှင့်ဝိုင်းဖွဲ့ဆွေးနွေးပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက ပြိုင်ပွဲနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဝင်းနွယ်(ပုသိမ်)က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ဖတ်ရှုလေ့လာထားသည့် စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြပြီး ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေး၊ စာရေးဆရာဝင်းနွယ်(ပုသိမ်)နှင့် တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)