ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအသင်းမှကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ကို ယမန်နေ့နံနက်ပိုင်းကရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံတွင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ပြောကြားတွင်ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားများမဖြစ်ပေါ်စေရန်နှင့် အလုပ်ကိုင်အခွင့်လမ်းများ တိုးပွားလာစေရန်အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

သင်တန်းတွင်ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း၊ ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေပန်းထိမ်၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါးရွှေအပေါင်ခံခြင်း၊ ကျောက်မျက်ပညာ၊ အသုံးချရွှေသင်္ချာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း အစရှိသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ (၁၀) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားသင်းတန်းသူ (၁၀၀) ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)