လဟယ် အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ လဟယ်မြို့နယ်အတွင်း ထူးခြားမိုးလေဝသအခြေအနေကြောင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ ယနေ့ ညနေ ၃ နာရီအတွင်း မိုးသည်ထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတွက် (၂-၁၀- ၂၀၂၄)ရက်နေ့ ၉ အချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အရေးပေါ်အစည်းအဝေးအား လဟယ်မြို့နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ဝင်း ဦးဆောင်ကျင်းပ၍ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများစုဖွဲ့ခြင်း၊ ကြိုတင်အသိပေး လှည့်လည်ကြေညာခြင်း၊ ကျေးရွာများအားလုံးသို့ ဆက်သွယ်ရေးစက်များဖြင့် ထပ်ခါထပ်ခါ အသိပေးဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ တောင်စောင်းများအနီးရှိ နေအိမ်များ ကြိုတင်ရွှေ့ပြောင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်းသိရသည်။
ထို့သို့ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများ စုဖွဲ့ထားရှိမှုအခြေအနေကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာ၀န်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ လဟယ်မြို့ပေါ်တွင် ချောင်းဘေး၊ ကမ်းပါးဘေးတွင် နေထိုင်ကြသည့် အိမ်ခြေ(၃၁)လုံး၊ လူဦးရေ ကျား(၄၈)ဦး၊ မ(၇၀)ဦး စုစုပေါင်း(၁၁၈)ဦးအား ဘေးလွတ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့ထားပြီး သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်ဌာနဆိုင်များ၊ရပ်ကွက်ပြည်သူများအား ကော်မတီစုဖွဲ့ပြီး ကွပ်ကဲရေးရုံးကို လဟယ်မြို့မာလာတောင်အားကစားခန်းမ၌ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)