အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေး-ဒလန့်ချွန်သွား မီးရထားလမ်း၊ ကွင့်ကြီးမြောင်ချောင်းကူးတံတား၊ တံတားအမှတ် ၁၄၄၊ မိုင်တိုင်အမှတ် ၂၆၂/၆၇ ၊ ၂၄ ပေအရှည် တံတား ကျိုးကျပျက်စီးခဲ့သည်။
Oct 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးအနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးသည်။
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့ညမိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်း ၄ နာရီခန့်က ရေများယမန်နေ့ထက် ပိုမိုဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ရပြီး မွေတော်အ.မ.ကကျောင်းလည်း ရေနစ်မြုပ်ကာ ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက် ဆက်သွယ်ထားသောတံတားသည်လည်း ရေနစ်မြုပ်သဖြင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Oct 06,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်း လာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအား  သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်ဌာနဆိုင်ရာများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။