အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၃)ရက် နံနက်(၁၀)နာရီက အ.မ.က(ရွှေဘို)၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
Oct 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
Oct 03,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ ၃၁ ဖွဲ့ကာ စုစုပေါင်း ၁၇၅ ဦးတို့သည် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မုံရွာမြို့ အလယ်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ယနေ့နံနက် ၇ နာရီက တတိယနေ့အဖြစ် ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
Oct 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၃)ကျေးရွာရှိ ကုန်းလန်းအခြေခံပညာမူလတန်းလွန် ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှစတင်၍ ယနေ့တတိယမြောက်နေ့ထိ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက် ရှိသည်။
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရွှေတံခါးရပ်ကွက်အပိုင်း(၁)နှင့်အပိုင်း(၂)တို့တွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 03,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ဆိပ်ဖြူမြို့နယ်၌ အောက်တို ဘာလ (၁)ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ဖြစ်သည့် ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် ယောဝရပ်ကွက်တို့တွင် ကောက်ယူလျက်ရှိကြောင်း သိရသည်။
Oct 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။