ကလော နိုဝင်ဘာ ၇
ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒုတိယဦးစီမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင်များဖတ်၍ အချိန်ကိုအကျိုး ရှိရှိအသုံးချတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး အကြောင်းနှင့် လူငယ်ရေးရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက်၊ သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)