ရန်ကုန် နိုဝင်ဘာ ၈
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် စကားဝိုင်းကို နိုဝင်ဘာလ (၆) ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Studio-1 ၌ ကျင်းပပြုလုပ်သည်။
ယခု စကားဝိုင်းတွင် ဒေါက်တာသိန်းတန်က Burma Institute of Technology (BIT) တွင် ပညာသင်ကြားစဉ်အတွေ့အကြုံနှင့် မန္တလေးနည်းပညာတက္ကသိုလ် စတင်တည်ထောင်ခြင်း အတွေ့အကြုံတို့ကိုလည်ကောင်း၊ ဒေါက်တာခင်မောင်တင်က Rangoon Institute of Technology (RIT) တွင် ပညာသင်ကြားစဉ်နှင့် တာဝန်ထမ်းဆောင်စဉ် အတွေ့အကြုံတို့ကိုလည်ကောင်း၊ ဒေါက်တာတင်လှိုင်က အဏုမြူစွမ်းအင်ဘာသာရပ် စတင်တည်ထောင်သည့် အတွေ့အကြုံတို့ကိုလည်းကောင်း၊ ဒေါက်တာ ဒေါ်မြမြဦးက ဇီဝနည်းပညာဘာသာရပ် စတင်တည်ထောင်သည့် အတွေ့အကြုံတို့ကိုလည်ကောင်း၊ ဒေါက်တာဇော်မင်းအောင်က အင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ခံနိုင်ရေးအတွက် ဆောင်ရွက်နေမှု တို့ကိုလည်ကောင်း၊ ဒေါက်တာမြင့်သိန်းက ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အတွေ့အကြုံတို့ကို လည်ကောင်း၊ ဦးဝေဇင်ဦးက အဏုမြူစွမ်းအင်နည်းပညာဘာသာရပ်နှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ဒေါက်တာဇော်မင်းအောင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး(ငြိမ်း)၊ ဒေါက်တာတင်လှိုင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ ဒေါက်တာသိန်းတန် ပါမောက္ခချုပ်(ငြိမ်း)၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဒေါက်တာမြမြဦး ပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဒေါက်တာ မြင့်သိန်း ပါမောက္ခချုပ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဦးဝေဇင်ဦး သုတေသနမှူး(ငြိမ်း)၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် ဒေါက်တာခင်မောင်တင် ပါမောက္ခ(ငြိမ်း)၊ ရန်ကုန်နည်းပညာ တက္ကသိုလ်တို့မှ ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)